MyConstitution Myanmar

MyConstitution

Information in English

ကျွန်ုပ်တို့၏စီမံကိန်းအကြောင်း

MyConstitution စီမံကိန်းသည် မြန်မာနိုင်ငံရှိမိတ်ဖက်များနှင့် လက်တွဲကာ အခြေခံဥပဒေတည်ဆောက်ခြင်းနှင့်ပက်သက်ပြီး အသိပညာများ ပိုမို တိုးမြင့်အားကောင်းလာစေရန် လုပ်ဆောင်လျှက်ရှိသည်။ စီမံကိန်း၏ရည်ရွယ်ချက်သည်  မြန်မာနိုင်ငံတွင်  ဒီမိုကရေစီစနစ်သို့  အသွင်ကူးပြောင်းရေးနှင့်  ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတို့၏ အစိတ်အပိုင်းတစ်ခု  ဖြစ်သည့်   ပြည်တွင်းဖြစ်ဖြစ်သော၊ အသိပညာကြွယ်ဝသော၊ အားလုံးပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ယဉ်ကျေးမှု တစ်ရပ်ဖော်ဆောင်ရန် ဖြစ်သည်။

MyConstitution မှ အောက်ဖော်ပြပါ အထောက်အပံ့များ ပံ့ပိုးပေးခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည် -

  • ဖွဲ့စည်းပုံအခြေခံဥပဒေ  တည်ဆောက်ခြင်းနှင့် သက်ဆိုင်သော  ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ဆွေးနွေးခြင်း၊  စီရင်ဆုံးဖြတ်ခြင်း  စသည့် လုပ်ငန်းများတွင်   ပါဝင်လုပ်ကိုင်နေသူများအား  တောင်းဆိုမှုများအပေါ် အခြေခံသည့်  အကြံပြုချက်များကို  ပညာရှင်များမှ  ပံ့ပိုးခြင်း 
  • မြန်မာနိုင်ငံ၏  သမိုင်းကြောင်းနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်ချက်များပေါ်တွင်   အခြေခံသည့် သိသင့်သိထိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို  လေ့လာခြင်း
  • ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်   ဆက်စပ်သော  ကိစ္စရပ်များနှင့်ပက်သက်ပြီး   တွေ့ဆုံဆွေးနွေးနိုင်မည့်   အခွင့်အလမ်းများ ဖန်တီးပေးခြင်း
  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ  ကိစ္စရပ်များနှင့် သက်ဆိုင်သော  သတင်းအချက်အလက်များကို  မြန်မာဘာသာဖြင့်  ရရှိနိုင်ခြင်း
  • မြန်မာနိုင်ငံနှင့်   ကိုက်ညီပြီး  ကောင်းမွန်စွာ  ရေးဆွဲထားသော  အကဲဖြတ်မှု   နည်းလမ်းများကို   ကျင့်သုံးနိုင်ရန် အထောက်အပံ့များ နှင့်  လမ်းညွှန်းကိရိယာများ ပံ့ပိုးပေးခြင်း တို့  ဖြစ်သည်။

MyConstitution  စီမံကိန်းကို   International  IDEA  မြန်မာက  အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။ ဤစီမံကိန်းကို  နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် လူဇင်ဘာ့ခ်နိုင်ငံအစိုးရတို့မှ  ကူညီပံ့ပိုးပေးထားသည်။ 

 

International IDEA Myanmar (မြန်မာနိုင်ငံ) အကြောင်း

အပြည်ပြည်ဆိုင်ရာ  ဒီမိုကရေစီနှင့်   ရွေးကောက်ပွဲဆိုင်ရာ  အကူအညီပေးသော  အင်စတီကျု  (International IDEA)သည်   မြန်မာနိုင်ငံ တွင်   ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို   ပိုမိုအားကောင်းလာစေရန်၊  ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များတွင်   အဓိက  ကူညီပံ့ပိုးရန်၊  လွှတ်တော်မှ   ဒီမိုကရက်တစ်စံနှုန်းဖြင့်   စိစစ်မှုများကို   ပံ့ပိုးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ  အသိပညာများကို   မြှင့်တင်ပေးနိုင်ရန်   မြန်မာနိုင်ငံရှိ   ဒီမိုကရက်တစ်   အသိပညာရှင်၊ အတတ် ပညာရှင်များနှင့်   ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။  International  IDEA  ကို   မြန် မာနိုင်ငံတွင်   ၂၀၁၂ ခုနှစ်ကတည်းက အစပြုခဲ့ကာ ယနေ့ တွင်  ရန်ကုန်နှင့်  နေပြည်တော်မြို့များတွင်  ရုံးခန်းဖွင့်လှ စ်ထားရှိပါသည်။

ဆက်သွယ်ရန်

ဥမ္မာဇင်  

အစီအစဉ်  အရာရှိ

အီးမေးလ် : [email protected]

နော်ဝေးသံရုံးနှင့် လူဇင်ဘာ့ခ်အစိုးရတို့မှ ပံ့ပိုးကူညီသည်
Finland Luxembourg Norway Sweden